Image
PHO HLAING

ဝီစကီ က ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

သင့်အကြိုက် ၀ီစကီဟာ ဘီယာလိုပဲ များပြားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ တန်ဆေး၊လွန်ဘေးဆိုသလို ၀ီစကီကို သင့်တင့်ရုံသောက်မယ် ( မိန်းကလေးတွေ အတွက် ၂၅-၃၀ မီလီလီတာနဲ့ ယောင်္ကျားလေးတွေအတွက် ၃၅-၄၀ မီလီလီတာလောက်) သောက်မယ် ဆိုရင် ၀ီစကီကနေ အကောင်းဆုံး အကျိုးကျေးဇူးတွေ ရရှိမှာပါ။

၁။ ၀ီစကီကို နေ့ စဉ်ပုံမှန်သောက်ပေးတာက ခန္ဓာကိုယ်အတွက် နေ့ စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏကို ဖြည့်ဆည်းပေးနိုင်ကြောင်း သြစတြေးလျ Monash တက္ကသိုလ်က လေ့လာမှုတစ်ခုအရ သိရပါတယ်။ Antioxidant ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိ ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတာကြောင့် ရောဂါတွေကို တွန်းလှန်တိုက်ဖျက်နိုင်ပါတယ်။
၂။ စကော့ဝီစကီကို အသင့်အတင့်သောက်သုံးတဲ့လူတွေဟာ ကင်ဆာရောဂါရနိုင်ခြေ နည်းပါးတယ်လို့ သိပ္ပွံနည်းကျလေ့လာသူတွေက ဖော်ပြပြီးဖြစ်ပါတယ်။ ၀ီစကီမှာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ Ellagic Acid နဲ့ ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။
၃။ တစ်နေ့ ကို ၀ီစကီ တစ်ခွက်နှစ်ခွက်သောက်သူတွေဟာ လေသင်တုန်း နဲ့ ဦးနှောက် ထိခိုက်မှုကြောင့်ဖြစ်တဲ့စိတ်ဖောက်ပြန်မှုရောဂါ ရနိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုနည်းကြောင်း နယူးယော့ခ်တက္ကသိုလ်က Dr.David J Hanson က သူ့ ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြခဲ့ပါတယ်။ လူတွေဟာ အသက်အရွယ်ကြီးမြင့်လာတာနဲ့ အမျှ လေသင်တုန်းဖြတ် နိုင်ချေ၊ နှလုံးရောဂါရနိုင်ခြေနဲ့ သွေးပျစ်ခဲမှု ရနိုင်ခြေပိုများပါတယ်။ ဒါပေမယ့် ၀ီစကီကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဒီရောဂါတွေ ရနိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။
၎။ ၀ီစကီမှာ အဆီလုံးဝမပါဝင်ပါဘူး။ ဒီ့အပြင် ကာဗွန်ဟိုက်ဒရိတ် ၀.၀၄ ဂရမ်က သကြားဓာတ်အနေနဲ့ ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်အစာခြေဖျက်မှုစနစ်ထဲ ၀င်ရောက်သွားပြီးမကြာခင်မှာပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ပြောင်းလဲပေးနိုင်ပါတယ်။
ဒီအချက်တွေဟာ သင့်ကို အရက်မူးအောင်သောက်ခိုင်းနေတာ မဟုတ်ပါဘူး။ ၀ီစကီကို အလွန်အကျွံမဟုတ်ဘဲ အသင့်အတင့် ပမာဏသောက်သုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်ဖို့ ဖြစ်ပါတယ်။
Ref: menxp
Online ဆေးခန်း

Category: HEALTH

သင် smart phone စွဲနေပြီလား

သင် smart phone စွဲနေပြီလား

သင် smart phone အားမသုံးရလျှင်မနေနိုင်ဘူးဖြစ်နေပြီလား။ ၄င်းကိုသိပ္ပံနည်းကျကျစမ်းသပ်ကြည့်ရအောင်။

Iowa State University မှ nomophobia ခေါ် no mobile phone phobia ဆိုသည့်စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုကိုတွေ့ရှိခဲ့သည်။ ၄င်းတွင် ဖုန်းသုံးစွဲမှု့ နှင့်ပတ်သက်၍ မေးခွန်း ၂၀ ပါဝင်သည်။

Nomophobia အားယနေ့ခေတ်လူငယ်များနှင့် နည်းပညာဆိုင်ရာပစ္စည်းများ အထူးသဖြင့်smart phone အကြား  ဖြစ်ပေါ်နေသော ခေတ်ပေါ် စိတ်ရောဂါတစ်ခုအဖြစ်ယူဆနိုင်သည်။ ၄င်းမှာ ဖုန်းအားမသုံးရလျှင်မေနနိုင်ခြင်းဖုန်း၏အထောက်အပံ့မရှိဘဲမည်သည်ကိုမျှလုပ်ဆောင်နိုင်မည်မဟုတ်ဟု ထင်ခြင်းစသည့်အခြေအနေများပါဝင်သည်။ မေးခွန်းများအားဖန်တီးရာတွင် မဆက်သွယ်နိုင်ခြင်း၊ အဆက်အသွယ်ပြတ်တောက်ခြင်းအချက်အလက်များကိုမရယူနိုင်ခြင်းနှင့်အချက်အလက်များရှာဖွေရာတွင်လွယ်ကူမှု့မရှိခြင်းစသည့်အချက်အလက်များပေါ်တွင်မူတည်ပြီးလေ့လာသူများမှဘွဲ့ကြိုကျောင်းသား ၉ ဦးအား smart phone များအားမည်သို့အသုံးပြုသနည်းဆိုသည်ကိုမေးမြန်းခဲ့သည်။

သင် smart phone စွဲနေပြီလား။ တခုစီကို (လုံးဝေသဘာမတူ) မှ  (လုံးဝသဘောတူ)အ ကြား ခန့်မှန်းပြီး စုစုပေါင်းကိုမှတ်သားထားပါ။ မိမိအပေါ်တွင် မိမိရိုးသားစွာဖြေဆိုပါ။

ဖုန်းမှတစ်ဆင့် အချက်အလက်များမရယူနိုင်သောအချိန်တွင် သက်တောင့်သက်သာမရှိသလိုခံစားရသည်။

သိလိုသောအချက်အလက်ကိုဖုန်းတွင်ရှာမရနိုင်သောအချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်သည်။

သတင်းများကိုဖုန်းတွင်မရရှိနိုင်သော အချိန်တွင် စိတ်ညစ်သည်။

လုပ်လိုသည်များကိုဖုန်းတွင် မလုပ်နိုင်သောအချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်သည်။

ဖုန်းဘက်ထရီကုန်မည်ကိုစိုးရိမ်သည်။

ဖုန်းလိုင်းမမိလျှင် သို့မဟုတ် ဝိုင်ဖိုင်မမိလျှင် ဖုန်းအားတသမတ်တည်းစစ်ဆေးနေလေ့ရှိသည်။

ဖုန်းထဲပိုက်ဆံကုန်ပြီဆိုလျှင် ဂဏာမငြိမ်ဖြစ်လာသည်။

ဖုန်းမသုံးဖြစ်လျှင် တစ်နေရာရာကိုသွားရန်ကြောက်ရွံ့နေလေ့ရှိသည်။

ဖုန်းကိုခဏခဏစစ်ကြည့်လိုစိတ်ရှိနေသည်။

ဖုန်းသာပါမလာဘူးဆိုလျှင်……..

မိသားစု၊ သူငယ်ချင်းများဆီသို့မဆက်သွယ်နိုင်မှာကိုစိုးရိမ်နေတတ်သည်။

မိသားစု၊ သူငယ်ချင်းများမိမိကိုမဆက်သွယ်နိုင်မှာကိုစိတ်ပူသည်။

Message နှင့် ဖုန်းခေါ်ဆိုမှု့ များကို မရရှိနိုင်သောကြောင့် စိတ်ပင်ပန်းသလိုခံစားရသည်။

မိသားစုနှင့် သူငယ်ချင်း သို့အဆက်အသွယ်ပြတ်သွားမည်ကိုမြဲတမ်းလိုလိုစိတ်ပူနေတတ်သည်။

တစ်ယောက်ယောက်က မိမိကိုဆက်သွယ်ရန်ကြိုးစားသည်ကို မသိလိုက်ရမည်ကို စိတ်ပူနေတတ် သည်။

Online အကောင့်များနှင့်ချိတ်ဆက်မှု့ ပြတ်တောက်သွားမည်ကိုစိတ်ပူနေတတ်သည်။

Social media များနှင့် အဆက်အသွယ်ပြတ်မည်ကိုစိုးရိမ်နေတတ်သည်။

ချိတ်ဆက်မှု့ များနှင့် ကွန်ယက်များမှ update များ၊ notification များကိုမစစ်ဆေးရလျှင် နေမထိထိုင်မသာ ဖြစ်တတ်သည်။

E-mail မစစ်မိလျှင် စိုးရိမ်ပူပန်နေတတ်သည်။

ဘာလုပ်ရမည်မှန်းမသိတော့ဘဲ ဖြစ်နေသည်။                      

တခုခုလိုနေသလိုခံစားရမည်။         

သင့်ရမှတ်များအပေါ်တွင်မူတည်ပြီးအောက်ပါအဖြေများအားစစ်ဆေးကြည့်ပါ။

ဖုန်းစွဲနေခြင်းမဟုတ်ပါ။ သင်သည်ဖုန်းကိုမသုံးစွဲဖြစ်လျှင်လည်း မည်သည့်ပြသနာမှမရှိပါ။

အနည်းငယ်ဖုန်းစွဲနေသည်။ သင့်ဖုန်းကိုအိမ်မှာမေ့ကျန်ခဲ့သည်ရှိသော်စိတ်ပူနေမည်။ သို့သော်လွန်စွာ စိတ်ပူပန်ခြင်းမရှိပါ။

ဖုန်းကိုတော်တော်စွဲနေပါပြီ။ လမ်းပေါ်တွင်လမ်းလျှောက်နေရင်းဖြစ်စေ၊ စကားပြောနေရင်း လည်းဖြစ်စေ ဖုန်းကိုစစ်ဆေးနေတတ်သည်။ ဖုန်းမရှိပါကမနေတတ်သလိုဖြစ်နေလိမ့်မည်။

ဖုန်းအားမသုံးမနေနိုင်စွဲလမ်းခြင်း။ ဖုန်းမရှိဘဲ စက္ကန့် ၆၀ ပြည့်အောင်မနေနိုင်ပါ။ မနက်အိပ်ရာနိုးသည်နှင့် ပထမဆုံးဖုန်းကိုစစ်ဆေးပြီး ညဉ့်နက်သည်အထိ ဖုန်းကိုအချိန်တိုင်းလိုလို စစ်ဆေးနေတတ်သည်။ ၄င်းမှာအလွန်တရာဆိုးသောမိုဘိုင်းဖုန်းစွဲလမ်းမှု့ ဖြစ်သည်။

                                  #ဖုန်းစွဲလမ်းခြင်းမှကင်းဝေးပါစေ#

Category: KNOWLEDGE

အင်္ဂလိပ်စာနှင့် ပတ်သတ်၍သင်မသိသေးသောအေကြာင်းများ

၁။လူသန်းပေါင်း ၁ ထောင်ကအင်္ဂလိပ်လိုပြောပါတယ်။ ဒါဟာ ကမ္ဘာပေါ်က လူ ၇ ယောက်ကို ၁ ယောက်နှုန်းရှိပါတယ်။

၂။ ကွန်ပျူတာတွေအကုန်လုံးမှာသိမ်းထားတဲ့ ၈၀ ရာခိုင်နှုန်းသောအချက်အလက်တွေဟာအင်္ဂလိပ်လိုပါပဲ။

၃။ 'I', 'We', 'Two', 'Three' စတဲ့အင်္ဂလိပ်စာလုံးတွေဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကေနရှိခဲ့တာဖြစ်ပြီး ရှေးအကျဆုံးဖြစ်ပါတယ်။

၎။ သရမပါတဲ့အရှည်ဆုံးအင်္ဂလိပ်စာကလုံးက 'Rhythms' ဖြစ်ပါတယ်။

၅။ ၉၈ မိနစ်တိုင်းမှာ အင်္ဂလိပ်ဘာသာနဲ့စကားလုံးအသစ်တစ်လုံးကိုတီထွင်ကြပါတယ်။

၆။ သတို့သမီး 'Bride' ဆိုတဲ့စကားလုံးဟာ ပရိုတိုဂျာမန်စကားလုံးဟောင်းတစ်လုံးကနေဆင်းသက်လာတာဖြစ်ပြီး ချက်ပြုတ်ရန် ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။

၇။ အပေါင်စာချုပ် 'Mortgage' ဆိုတဲ့စကားလုံးဟာ ပြင်သစ်စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီး သေခြင်းစာချုပ်လို့အဓိပ္ပါယ်ရတယ်လို့ဆိုပါတယ်။

၈။ အင်္ဂလိပ်စာကိုရေးသမျှရဲ့ ၉၀ % ဟာ စာလုံး ၁၀၀၀ ကိုသာအသုံးပြုထားတာဖြစ်တယ်ဆိုပါတယ်။

၉။ အချိန် Time ဆိုတဲ့စကားလုံးဟာမကြာခဏအသုံးအများဆုံးစာလုံးဖြစ်ပါတယ်တဲ့။

၁၀။ အခြားစကားလုံးများထက် s နှင့် စေသာစကားလုံးများမှာအများဆုံးဖြစ်ပါတယ်။

၁၁။ Nigeria တွင် UK ထက်အင်္ဂလိပ်စကားပြောတဲ့သူပိုများပါတယ်။

၁၂။ တစ်သံထွက်သောအရှည်ဆုံးအင်္ဂလိပ်စကားလုံးမှာ screeched ဖြစ်ပါတယ်။

၁၃။ ၁၉ ရာစုမတိုင်ခင်က သရုပ်ဆောင်များ Actors ဆိုသည့်စကားလုံးမဟုတ်ဘဲ သူတောက်ကောင်းယောင်ဆောင်သူများ Hypocrites ဖြစ်ပါတယ်။

၁၄။ အင်္ဂလိပ်ဘာသာတွင် အတိုဆုံးနှင့် ပြည့်စုံသောဝါကျမှာ Go ဖြစ်ပါတယ်။

၁၅။ LOL (Laughing Out Loud) ဆိုသောစကားလုံးကို ၂၀၁၁ တွင် Oxford အဘိဓာန်ကအသိအမှတ်ပြုထည့်သွင်းလိုက်ပါတယ်။

၁၆။ အက္ခရာတစ်လုံးကိုနှစ်ခါမထပ်ဘဲရွတ်ဆိုနိုင်သော အရှည်ဆုံးစကားလုံးမှာ uncopyrightable ဖြစ်ပါတယ်။

၁၇။ အရှည်ဆုံးစကားလုံးတွင် အက်ခရာ ၄၅ လုံးပါဝင်သည်။ pneumonoultramicroscopicsilicovolcanoconiosis ဖြစ်ပြီး ၄င်းမှာ ပြာများနှင့်သဲမှုန့်များကိုရှုရှိုက်မိရာမှဖြစ်ပွားသောအဆုတ်ရောဂါဖြစ်ပါတယ်။

၁၈။ month, orange, silver, purple စေသာစကားလုံးများနှင့် ကာရန်ညီသောစကားလုံးများမရှိပါ။

၁၉။ သရငါးလုံးတစ်ဆက်တည်းပါသော စကားလုံးမှာ Queueing ဖြစ်ပါတယ်။

၂၀။ pronounciation ဆိုသောစကားလုံးသည် အသံထွက်အမှားအများဆုံးသောစကားလုံးဖြစ်ပါတယ်။

Category: KNOWLEDGE

မုန့်မောင်နှံ(သို့)မုန့်လင်မယား

မုန့်မောင်နှံ(သို့)မုန့်လင်မယား

ကိုယ်တိုင်လုပ်ချင်သူများအတွက်
ဆန်မှုန့်.....၅ဇွန်း (ထမင်းစားဇွန်း)
ကောက်ညှင်းမှုန့်.....၂ဇွန်း(....။....)
ပဲမှုန့်(အစိမ်း).....၂ဇွန်း (....။....)
ကြက်ဥ....၁လုံး(ခေါက်ထားပါ)
ကြက်ဥမထည့်ချင်လဲရပါတယ်
ပဲပြုတ်.. ...လိုသလောက်
နံနံပင်.. ..။....(သေးသေးဖြတ်ထားပါ)
ကြက်သွန်မြိတ်.. ..။
ဆား.....၂ဇွန်း (လက်ဖက်ရည်ဇွန်း)
ကြက်သားမှုန့်.. ..အနည်းငယ်
ရေ.....၅၀၀ml(လိုရင်နဲနဲထပ်ထည့်ပါ)
ဆန်မှုန့် +ကောက်ညင်းမှုန့်+ပဲမှုန့်ကို ရေနဲ့
ကျေအောင်ဖျော် ပြီးမှ ဆား ကြက်ဥ
ကြက်သားမှုန့် ထည့်ပါ
မုန့်အိုးကို မကြော်ခင် ၁နာရီလောက်အလို ဆီသုတ်ထားပါ
(non stick အိုးဆိုရင်တော့မလိုပါဘူး)
ကြော်မယ်ဆိုမှနံနံပင် ကြက်သွန်မြိတ်ပါ
ရောထည့်မွေပါ
အိုးပူလာရင် ဆီများများထည့် မုန့်ရည်ကို
မွှေပြီးထည့်ပါ ပဲပြုတ် ထည့်ပါ
စစကြော်ချင်းဆို ကပ်ပါတယ်
မီးအေးအေးနဲ့ပဲကြော်ရင် သိပ်မကပ်ပါဘူး
မုန့်ကျက်ရင် ဇွန်းအဖျားနဲ့ ဖြည်းဖြည်းချင်း
ကော်ပါ ၂ခုထပ်လိုက်ရင်ရပါပြီ
မုန့်ကို ခနခနလှည့်ကြော်ပေးရင်ပိုကြွပ်ပါ
တယ်
ချဉ်စပ် လုပ်ချင်ရင် မုန့်ထဲကို ခရမ်းချဉ်သီး
ငရုတ်သီးကို ပါးပါးသေးသေး ညှပ်ထည့်ရင်
ရပါတယ်
ငုံးဥနဲ့ ကြော်မယ်ဆိုရင် မုန့်ရည်
ကို တ၀က်ပဲထည့် ငုံးဥဖောက်ထည့်လိုက်ပါ
ဒါဆို ရပါပြီ

Credit###

Category: FOOD

သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း

သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို...
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊
ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်
ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ
အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊
အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။

သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊
မျက်လုံးနှစ်လုံးစလုံး " ရဲ " နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေ
ရိုက်ပါများလာတဲ့အခါ " ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ " ။ ။ ။

ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်
ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း
ချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ
ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်
အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။

အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကို
နောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်း
ရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို
ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။

ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ
ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်
ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။
" ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် " ။
အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။
ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။

ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊
အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့
အခိုးအငွေ့တွေဟာ " မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ" ။

ဒီနည်းကတော့" အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ " ကို ကြိုတင်ကာကွယ်နည်းပါ ။

နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊
ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။

ွှ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။
မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက
မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။ ။ ။

အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ )
စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည်

Category: HEALTH

သင်မသိသေးသောFacebookလုပ်ဆောင်မှု့ များ

၁။ အကျိုးအမြတ်မယူသောအဖွဲ့များသို့လှူဒါန်းနိုင်ခြင်း

FB Page မှတစ်ဆင့် ပရဟိတအဖွဲ့များသို့ငွေကြးလှူဒါန်းနိုင်သည်ကိုသင်သိပြီးပြီလား။ လှူဒါန်းနိုင်သောအဖွဲ့များတွင် the American Cancer Society, American Red Cross, World Wildlife Fund နှင့် Malaria No More စေသာအဖွဲ့များလည်းပါဝင်ပါသည်။ ပါဝင်ရန်အတွက် ၄င်း page တို့ထံသွားရောက်ပြီးနောက် cover photo ညာဘက်ထောင့်ရှိ More ကိုနှိပ်ပြီး Donate Now ကိုရွေးချယ်နိုင်သည်။ ထို့နောက် လှူဒါန်းလိုသော ငွေကြးပမာဏနှင့် payment အချက်အလက်ကိုရေးသွင်းရမည်ဖြစ်ပါသည်။

၂။ ဖျက်ခဲ့ပြီးသောအကြောင်းအရာကိုပြန်လည်ရယူနိုင်ခြင်း

Facebook မှမိမိ၏ အကြောင်းအရာတစ်ခုခုကိုမေတ်ာတဆမှားဖျက်မိပြီး ၄င်းအားပြန်လိုချင်ပါသလား။ ထိုသို့ဆိုလျှင် Facebook Settings သို့သွားရောက်ပြီးနောက် သင့် Facebook data link ၏ Download a copy ကိုနှိပ်ပါ။ Start My Archive ကိုနှိပ်ပြီးနောက် သင့် Facebook စကားဝှက်ကိုရေးသွင်းပါ။ ထို့နောက် Submit ကိုနှိပ်ပါ။ Prompt box ကိုမြင်ရလိမ့်မည် ထို့နောက် Start My Archive ကိုထပ်နှိပ်ပြီး မိနစ်အနည်းငယ်မျှစောင့်ပြီးနောက် စကားဝှက်ထပ်မံရေးသွင်းရလိမ့်မည်ဤအဆင့်များပြီးသည့်နောက်တွင်ဖျက်ထားခဲ့သောသင့်အကြောင်းအရာကို ပြန်လည်ရရှိမည် ဖြစ်သည်။

၃။ Save လုပ်ပြီးနောက်မှ ပြန်ဖတ်နိုင်ခြင်း

သင် Facebook ပေါ်တက်သည့်အချိန်တိုင်း သတင်းအများ အပြားကိုတွေ့ရှိရမည်ဖြစ်ပါသည်။ ထိုသတင်းများထဲမှ အချို့ကိုသင်ဖတ်လိုသောလည်း အချိန်မရှိသောကြောင့်မဖတ်ဖြစ်ပါက ၄င်းသတင်းများအားလွဲချော်သွားပေတော့မည်ထိုအခါထိုသတင်းများကိုဖတ်လိုသောအချိန်တွင်ရှာမရဖြစ်လိမ့်မည်။ ထိုသို့ မဖြစ်စေရန်Facebook ကလုပ်ဆောင်မှု့ သစ်ကိုမိတ်ဆက်ပေးလိုက်ပါသည်။ ၄င်းလုပ်ဆောင်မှု့ကိုအသုံးပြုရန်dropdownခလုတ်အောက်ရှိSaveကိုနှိပ်ပြီးသိမ်းဆည်းနိုင်ပါသည်။ သင်သိမ်းလိုသောမည်သည့်ခေါင်းစဉ်ကိုမဆိုသိမ်းဆည်းနိုင်မည်ဖြစ်ပြီး၎င်းတို့အားပြန်လည်ရှာဖွေလိုသောအချိန်တွင် သင့် sidebar ရှိ Saved တွင်သွားရောက်ကြည့်ရှု့ နိုင်မည်ဖြစ်သည်။

၎။သင့် Facebook Profile ကို Page အဖြစ်တိုက်ရိုက်ပြောင်းခြင်း

သင့် Facebook Profile ကို Pageအ ဖြစ်ပြောင်းလိုပါသလား။ Profile to Page Migration သို့သွားရောက်ပြီးနောက်တွင် သင့် Page အတွက် အုပ်စုကိုရွေးချယ်ပါ။ နောက်စာမျက်နှာတစ်ခုတွင် အုပ်စုခွဲကိုရွေးချယ်ပြီးနောက် လိုအပ်သောအချက်အလက်များကိုဖြည့်ပါ။ နောက်ဆုံးအေနဖြင့် Get Startedကိုနှိပ်ပြီးညွန်ကြားသည့်အတိုင်းဆက်လက်ဆောင်ရွက်ပါဤသို့Pageအဖြစ်ပြောင်းလဲပီးနောက် Profile အဖြစ်ပြန်မပြောင်းနိုင်တော့ပါ။ထို့ ကြောင့်သင့် အချက်အလက်များကိုကြိုတင် သိမ်းဆည်းထားရန်လိုအပ်ပါလိမ့်မည်။

Category: KNOWLEDGE

ဖေ့စ်ဘွတ် ပေါ်တွင် မလုပ်ရ ၁၀ ချက်

ဖေ့စ်ဘွတ် ပေါ်တွင် မလုပ်ရ ၁၀ ချက်

ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။

၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority)

Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်းဖြစ်ပါတယ်မိမိလုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ်ကိုဖေ့စ်ဘွတ်နဲ့တွဲမနေစေဖို့ဖြစ်ပါတယ်အကယ်၍တွဲနေရင်လည်းFacebook မှာမဖော်ပြမိစေဖို့လိုအပ်ပါတယ်Facebookအကောင့်ကိုလုံခြုံရေးလျော့နည်းစေသလိုမိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။

၂။ profile နှစ်ခု ထားခြင်း

ပရိုဖိုင်နှစ်ခုနဲ့အကောင့်နှစ်ခုထားတာမျိုးမလုပ်ရပါဘူးလို့ဆိုပါတယ်ဒါကိုအနောက်နိုင်ငံကFacebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebookရဲ့အခြားအစိတ်အပိုင်းများရှိနေပါတယ်။ ဒါကြောင့်တစ်ခါခါဖုန်းနံပါတ်ထည့်မရလို့အကောင့်ပိတ်တာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင် ပါတယ်သို့ပေမယ့်ယင်းထားတဲ့အကောင့်ကိုနောက်လူတစ်ယောက်ပုံစံ အနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက်အမြဲအသင့်ရှိစေတဲ့အကောင့်လိုပဲအသုံးပြုသင့်တာဖြစ်ပါတယ်။

ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ်အခြားတစ်မျိုးတင်တယ်ဆိုရင်တောင်Personalအရအခြားလူမြင်ရင်တောင်မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြု နိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Groupကိုတစ်ဦးတည်းလုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။

၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊

နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Likeရင်iPhoneအလကားပေးမယ်ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။

၎။ မက်လုံးပေးသော App များကို အသုံးပြုခြင်း

အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်ဒီမှာUser တစ်ယောက်ကယင်းappကိုclickနှိပ်မိရင်အလိုအလျောက်သူ့သူငယ်ချင်းများထံဆက်လက်ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက်အကောင့်လုံခြုံရေးလျော့နည်းသွားပါတယ်အချို့ကျတော့လည်းလူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့တတ်ပြီးLikeနှိပ်သူWallမှာဆက်တိုက်တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတယ်။

၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင်

အချို့ကဖေ့စ်ဘွတ်ကိုယာယီသိုလှောင်စရာလိုအသုံးပြုတတ်ပါတယ်ဒါကမလုံခြုံတဲ့အပြင်လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။

၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း

မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ကလည်းဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့အရာဖြစ်ပါတယ်ယင်းအချက်အလက်ကိုကြည့်ပြီးတော့ဟက်ကာများကအကောင့် ခိုးယူနိုင်ပါတယ်။

၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း

အသုံးပြုဖို့အတွက်ကိုပဲFacebookကအစရှိသဖြင့်အရုပ်ကလေးများ(emoticons)တို့ကိုပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီးမကြာသေးမီကမှFacebookအသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Commentတိုင်းမှာ ပေါပေါသီသီအသုံးမပြုစေဖို့အနောက်တိုင်းကUserများကလက်ခံထားပါတယ်ယင်းလက္ခဏာများအား အလွန်အကျွံသုံးစွဲခြင်းဟာတစ်ဖက်ရဲ့တင်ပြချက်ကိုမလေးစားရာအခြားထင်မြင်စရာပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင် အသုံးပြုဖို့ဆိုပြီးအနောက်တိုင်းကuserများက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင်Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။

ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း

ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ်အားလုံးကို Facebookပေါ်မှာတင်နေရင်တော့အကောင့်တင်မကပဲမိမိနဲ့ပတ်ဝန်းကျင်လုံခြုံရေးပါထိခိုက်လာနိုင်ပါတယ်ဓားပြတိုက်ဖို့အတွက်FacebookမှာStatusတင်လူစုတဲ့ဖြစ်ရပ်ကြောင့်လည်းထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။

၉။ သတိထားဖွယ် ကွန်းမင့်

ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa,haaaaaa,အစရှိသဖြင့်ဘယ်မှာမှရှာလို့မရတဲ့စာတွေ၊ အက္ခရာအကြီးနဲ့ရေးတဲ့စာတွေ(WOW,AMAZING,WHOISHE?)အစရှိသဖြင့်တို့ကိုရှောင်ကြဉ်ရေးသားရပါတယ်Facebookကအဲဒီလိုစာများနဲ့ကွန်းမင့်ပေးရင်သူ့အလိုအလျောက်လိုက်ဖြတ်ပါတယ်။ အဲဒီလိုပေးပါများရင်တော့Facebookကသတိပေးစာရောက်လာတတ်ပြီးကံမကောင်းရင်အကောင့် လော့ကျ သွားနိုင်ပါတယ်။

၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း

ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးတလုံးဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။အချို့နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင်လုပ်ထးတာမျိုးတို့ရှိပါတယ်ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလို အလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။

အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အောင်ခမ်း (TSJ team)

Category: KNOWLEDGE

footer widget